ဒါကတော့ ဓါတ်ပုံတစ်ပုံကို resolution file size ကို လျှော့ချလိုက်ပေမယ့် မူရင်းဓါတ်ပုံ အရည်အသွေး အတိုင်း ကြည်လင်ပြတ်သား နေအောင် ၀ါးမသွားအောင် လုပ်လို့ရတဲ့ software လိုချင်တယ်ဆိုပြီး မေးလ်ပို့ပြီး တောင်းထားပါတယ်။ အဲ့အတွက် တင်ပေးလိုက်တာပါ။ ဒီ software ကို ဘယ်နေရာတွေမှာ သုံးသလဲဆိုရင် မိမိရဲ့ ဓါတ်ပုံတွေ အများကြီးကို gmail ကနေ ပို့ချင်တယ်။ ဒါပေမယ့် ဓါတ်ပုံ size က အရမ်းကြီးနေတယ်။ size ကို ငယ်ချပြီး ပို့ဖို့ကျတော့လည်း ပုံရဲ့ quality (resolution) အရမ်းကျသွားမှာ စိုးနေတယ်ဆိုရင်တော့ ဒီ software ကို သုံးကြည့်လိုက်ပါ။ ဓါတ်ပုံ အရွယ်အစား သေးသွားပေမယ့် ပုံကတော့ မူရင်း အရည်အသွေးတိုင်း ရှိနေမှာပါ။ ၀ါးမသွားပါဘူး။ jpg, png, gif, အစရှိတဲ့ ဓါတ်ပုံ format တွေကို ကြိုက်သလို ပြောင်းလို့လဲ ရပါတယ်။ logo လေးတွေ လုပ်ချင်တာကအစ ဒီကောင်လေးနဲ့ လုပ်ကြည့်တာ ဓါတ်ပုံ ဆိုက်သေးသွားသည့်တိုင်အောင် ပုံက ကြည်လင်ပြတ်သားပြီး ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။
Download Directmirror | One2up | Dropbox | Solidfiles